မာတိကာသို့ ခုန်သွားရန်

၂၀၁၁

ဝီကီပီးဒီးယား မှ
၂၀၁၁ : ဇန်နဝါရီ • ဖေဖော်ဝါရီ • မတ် • ဧပြီ • မေ • ဇွန် • ဇူလိုင် • ဩဂုတ် • စက်တင်ဘာ • အောက်တိုဘာ • နိုဝင်ဘာ • ဒီဇင်ဘာ
ထောင်စုနှစ်: ၃ ထောင်စုနှစ်
ရာစုနှစ်များ:
ဆယ်စုနှစ်များ:
ခုနှစ်များ:

၂၀၁၁ (MMXI) သည် ဂရီဂေါရီးယန်း ပြက္ခဒိန်တွင် စနေနေ့မှ စတင်သော ပုံမှန်ခုနှစ်ဖြစ်ပြီး၊ ယနေ့ခေတ် (Common Era) နှင့် အေဒီ (Anno Domini) ၏ ၂၀၁၁ ကြိမ်မြောက် ခုနှစ်ဖြစ်ကာ၊ ၃ ထောင်စုနှစ်၏ ၁၁ ကြိမ်မြောက် ခုနှစ်၊ ၂၁ ရာစုနှစ်၏ ၁၁ ကြိမ်မြောက် ခုနှစ်ဖြစ်ပြီး ၂၀၁၀ ဆယ်စုနှစ်၏ ၂ ကြိမ်မြောက် ခုနှစ် ဖြစ်သည်။

ဖြစ်ရပ်များ

[ပြင်ဆင်ရန်]

ဇန်နဝါရီလ

[ပြင်ဆင်ရန်]
  • ၈ - ၁၂ ဇန်နဝါရီ -
    • ရတနာပုံ ဆိုက်ဘ်ဘာစီးတီး၌ နဝမအကြိမ်မြောက် မြန်မာအိုင်စီတီ ပြပွဲကျင်းပ။
    • အင်တာနက် အသုံးပြုနိုင်မည့် McWill အမည်ရှိ 3.5G မိုဘိုင်း ဖုန်းလိုင်းသစ် စတင်ရောင်းချ
  • ၁၁ ဇန်နဝါရီ -
    • စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ အကယ်ဒမီ မောင်ဝဏ္ဏ ကွယ်လွန်။
    • ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးသည် စစ်လွန်းဝတီထက် ခေါ် သမီးရတနာ ဖွားမြင်။
    • နိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်းစိန်သည် ဧရာဝတီတိုင်း ဒေသကြီးရှိ အမှတ် (၅) ဓာတ်မြဩေဇာစက်ရုံ (ပုသိမ်) ဖွင့်ပွဲအခမ်းအနားနှင့် ပုသိမ်- မုံရွာ ကတ္တရာလမ်းမကြီးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်သည်။
    • ရှမ်းပြည်နယ် (တောင်ပိုင်း) အက်စ်အက်စ်အေ-အက်စ် SSA-S (ဝမ်သိန်း)အဖွဲ့မှ လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်ခြင်း အခမ်းအနားကို လွိုင်လင်မြို့ အားကစားကွင်း၌ ကျင်းပသည်။
    • အာဖဂန်နစ္စတန်ပြန်လည် တည်ဆောက်ရေးဆိုင်ရာ အမေရိကန်အထူးစစ်ဆေးရေးမှူးချုပ် အာနိုးဖီးစ်သည် ရာထူးမှနုတ်ထွက်သွားကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်က ကြေညာသည်။
  • ၁၂ ဇန်နဝါရီမြန်မာနိုင်ငံအင်ဂျင်နီယာအသင်း အာဆီယံအင်ဂျင်နီယာဆိုင်ရာ ဘွဲ့တံဆိပ်များပေးအပ်ပွဲ၊ နှစ်ပတ်လည်အသင်းသားစုံညီ ညီလာခံနှင့် အလှူရှင်များအား ဂုဏ်ပြုလွှာပေးအပ်ပွဲအခမ်းအနားကို မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း Function Hall၌ ကျင်းပရာ နိုင်ငံတော် ဝန်ကြီးချုပ် ဦးသိန်းစိန် တက်ရောက်ချီးမြှင့်ပြီး အမှာစကား ပြောကြားသည်။
  • ၁၈ ဇန်နဝါရီ – တရုတ်နိုင်ငံသမ္မတ ဟူကျင်ထောင်းသည် နိုင်ငံတော်ခရီးစဉ်အဖြစ် အမေရိကန်နိုင်ငံဝါရှင်တန်မြို့သို့ရောက်ရှိပြီး ထိုနေ့ညတွင် အိမ်ဖြူတော်သို့ သွားရောက်၍ သမ္မတဘားရက်အိုဘားမားနှင့်အတူ ညစာသုံးဆောင်သည်။
  • ၂၁ ဇန်နဝါရီ – အမေရိကန်နိုင်ငံက သတင်းဆက်သွယ်ရေး ဂြိုဟ်တုတစ်လုံးကို သယ်ဆောင်သည့် အကြီးဆုံးဒုံးပျံ ဒဲလ်တာ-၄ ဟဲဗီးကို ကယ်လီဖိုးနီးယားပြည်နယ် ဗန်ဒင်ဘတ်လေတပ်စခန်းမှ လွှတ်တင်သည်။
  • ၂၂ ဇန်နဝါရီ – မြန်မာနိုင်ငံက ဥက္ကဋ္ဌအဖြစ် ကြီးမှူးကျင်းပသည့် (၁၃)ကြိမ်မြောက် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးအဆင့်အစည်းအဝေးနှင့် (၁၅)ကြိမ်မြောက် ဘင်းမ်စတက် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC)၌ ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်းစိန်တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
  • ၂၃ ဇန်နဝါရီ – ၂၀၀၉ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ) ချီးမြှင့်ပွဲအား နေပြည်တော်မြို့တော်ခန်းမရှိ လေဟာပြင်ကဇာတ်ရုံတွင် ကျင်းပ။ နေတိုး၊ စိုးပြည့်သဇင် အကယ်ဒမီရ။
  • ၂၄ ဇန်နဝါရီ – ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနမှူးဟောင်း ပါမောက္ခ ဒေါက်တာစိန်ထွန်းအသက် (၇၁) နှစ် ကွယ်လွန်သည်။
  • ၂၅ ဇန်နဝါရီ – အီဂျစ် လူထုဆန္ဒပြပွဲ စတင်ဖြစ်ပွား။
  • ၂၆ ဇန်နဝါရီ – စာရေးဆရာ ဦးသိန်းဟန် (ဆရာ ဇော်ဂျီ)၏ဇနီး ကြီးကြီးစော (ခ) ဒေါ်စောရင် အသက် (၁၀၅) နှစ် ကွယ်လွန်သည်။
  • ၃၀ ဇန်နဝါရီ – NLD ဝက်ဘ်ဆိုက်ဒ် www.nldburma.org ကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာ အင်တာနက်တွင် စတင်။
  • ၃၁ ဇန်နဝါရီ – နေပြည်တော်၌ နံနက်(၈: ၅၅)နာရီတွင် မြန်မာနိုင်ငံတွင် နှစ်ပေါင်း(၂၀)အတွင်း ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ညီလာခံ စတင်ကျင်းပသည်။

ဖေဖော်ဝါရီလ

[ပြင်ဆင်ရန်]
  • ၅ မတ် – ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်းရှိ သဘာဝကမ္ဘာ ခေတ်မီကစားကွင်းကို စတင်ဖွင့်လှစ်။
  • ၁၀ မတ် – ဂျပန်နိုင်ငံ မြောက်ပိုင်း Honshu ဒေသမှ စတင်ခဲ့သော မြေငလျင်သည် ၆.၃ Magnitude နှုန်းဖြင့် လှုတ်ခတ်ခဲ့။ ဂျပန်နိုင်ငံ Sendai-shi ဒေသကို ဗဟိုပြုပြီး ၇.၂ Magnitude ငလျင်ကြီးတိုးမြှင့် လှုတ်ခတ်ခဲ့။
  • ၁၁ မတ် – ထပ်မံလှုတ်ခတ်လာသော ၂၀၁၁ ဆန်ဒိုင် ငလျင်နှင့် ဆူနာမီ၏ ပြင်းအားမှာ ၈.၉ Magnitude အဆင့်ဖြစ်ပြီး၊ ဆူနာမီအသွင်ပြောင်းကာ ရေမျက်နှာပြင် ၃၀.၃ ပေ အမြင့် အထိ တက်ခဲ့သည်။
  • ၁၄ မတ် – မနက် ၄:၃၀၊ ဂျပန်နိုင်ငံ တိုကျိုမြို့၏ အရှေ့မြောက်ဘက် မိုင် ၂၅၀ တွင်တည်ရှိသော Fukumi နျူကလီးယားစက်ရုံ ပေါက်ကွဲ။
  • ၁၅ မတ် – မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) ဖွင့်လှစ်။
  • ၂၄ မတ် – ၂၀၁၁ မြန်မာ ငလျင်: မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်း လွိုင်မွေမြို့အနီးကို ဗဟိုပြုကာ ငလျင် လှုပ်ခတ်ခဲ့သည်။ ယင်းငလျင်၏ပြင်းအားမှာ ရစ်ခ်ျတာစကေး ၆.၈ ဖြစ်သည်။
  • ၃၀ မတ် – နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ကျင့်သုံးလျက် ရှိသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ဆိုင်ရာများကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးလိုက်ကြောင်း ကြေညာခဲ့။ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ ဦးသိန်းစိန်သည် ပြည်ထောင်စု လွှတ်တော်နာယက ရှေ့မှောက်၌ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုပြီး ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးတွင် မိန့်ခွန်းပြောကြားသည်။
  • ၁ ဧပြီ – ပြည်ထောင်စုအစိုးရအဖွဲ့သည် မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်း၌ ကတိသစ္စာပြုပြီး စတင် တာဝန်ထမ်းဆောင်သည်။
  • ၇ ဧပြီ – ဂျပန်ငလျင် လှုပ်သည်။ ထိုငလျင်ဖြစ်ရပ်ကို ၂၀၁၁ ဆန်ဒိုင် ငလျင်နှင့် ဆူနာမီ ဟုလည်းခေါ်ကြသည်။
  • ၉ ဧပြီ – စာရေးဆရာပါရဂူ ရန်ကုန်မြို့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သည်။
  • ၂၂ ဧပြီ – အစိုးရရုံးများတွင် ချိပ်ဆွဲထားသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဓာတ်ပုံများ စတင်ဖြုတ်ပစ်သည်။
  • ၁၁ မေ – စာရေးဆရာ နတ်နွယ် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၄၈-ရပ်ကွက်၊ မဟာဆွေလမ်း နေအိမ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သည်။
  • ၄ ဇွန် – ၂၀၁၀ - ၂၀၁၁ ပညာ သင်နှစ်၏ အခြေခံ ပညာ တက္ကသိုလ် ဝင်တန်း အောင် စာရင်းများ ဇွန်လ ၄ ရက်နေ့တွင် ထွက်ရှိ ခဲ့ရာ နှစ်သုံးဆယ် ဝန်းကျင် အတွင်း စနေနေ့ ထုတ်ပြန် ခြင်းမှာ ပထမ ဦးဆုံး အကြိမ် အဖြစ် ထုတ်ပြန် ကြေညာ ခြင်းမျိုး ဖြစ်သည်။[၁]
  • ၅ ဇွန် – စာရေးဆရာ၊ သီချင်းရေးဆရာ မောင်သစ်မင်း သည် ဘန်ကောက်မြို့၊ဆီမီတာဝေ့ဆေးရုံကြီးတွင် အူမကြီးကင်ဆာရောဂါဖြင့် ကွယ်လွန်သည်။
  • ၁၃ ဇွန် – ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ နွဲ့နွဲ့မူ အစာအိမ် သွေးကြောပေါက်၍ ကွယ်လွန်ခဲ့သည်။

ဇူလိုင်လ

[ပြင်ဆင်ရန်]
  • ၇ ဇူလိုင် – ခြောက်ထပ်ကြီးဘုရားတိုက်၊ သာသနာ့ဂုဏ်ရည် ဆရာတော် ဘဒ္ဒန္တဇဝန သက်တော် (၇၃) နှစ်၊ ဝါတော် (၅၃) ဝါ၊ ပျံလွန်တော်မူခဲ့သည်။
  • ၂၀ ဇူလိုင် – ကမ္ဘာကျော် ကုမ္ပဏီတစ်ခုဖြစ်သည့် အက်ပဲကုမ္ပဏီမှ OSX Lion Opreating System ထွက်ရှိသည်။[၂] မြန်မာဘာသာအား အက်ပဲကုမ္ပဏီမှ တရားဝင် အမှတ်ပြု ထည့်သွင်းခဲ့သည်။ [၃]
  • ၃၁ ဇူလိုင် – ပန်းချီဆရာ ရာဟုလာ (ခ) ဦးအောင်မြင့် အသက် ၆၅ နှစ် လည်ချောင်းကင်ဆာရောဂါဖြင့် မင်းကွန်း၊ ဈေးဆိပ်ကျေးရွာ သူ၏နေအိမ်တွင် ကွယ်လွန်သွားခဲ့သည်။

ဩဂုတ်လ

[ပြင်ဆင်ရန်]
  • ၅ ဩဂုတ် – မြန်မာ့ပန်းချီလောက၊ စာနယ်ဇင်းပန်းချီလောက၏ ထွန်းလင်းတောက်ပနေသော နေတစ်ဆင်းဖြစ်သူ ပန်းချီမောင်မောင်သိုက် အသက် (၆၆)နှစ် ကွယ်လွန်သည်။
  • မိုးလေဝသနှင့်ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်သည် ထွန်းလွင် ဖေါင်ဒေးရှင်း ထူထောင်။
  • ၁၄ ဩဂုတ် – ဒဿနပညာရှင်၊ အငြိမ်းစားဒဿနိကဗေဒပါမောက္ခ နန္ဒာသိန်းဇံ(မဟာသဒ္ဓမဇောတိကဓဇ) အသက် (၆၅)နှစ်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သည်။
    ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန် တွေ့ဆုံမှု
  • ၁၉ ဩဂုတ် - နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ နေပြည်တော်ရှိ သမ္မတအိမ်တော်မှာ ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။[][]

စက်တင်ဘာလ

[ပြင်ဆင်ရန်]

အောက်တိုဘာလ

[ပြင်ဆင်ရန်]

နိုဝင်ဘာလ

[ပြင်ဆင်ရန်]

ဒီဇင်ဘာလ

[ပြင်ဆင်ရန်]
  • ၃ ဒီဇင်ဘာ – ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ(၂၀၁၁-ခုနှစ် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ်-၁၅)ကို ပြဋ္ဌာန်း။
  • ၄ ဒီဇင်ဘာ – ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေ(၂၀၁၁-ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်-၁၄)ကို ထုတ်ပြန်ကြေညာ။
  • သတင်းစာဆရာ၊ ဂျပန်တော်လှန်ရေး လေထီးစစ်သည်ဟောင်း သခင်လှကွန်း အသက် (၉၀) ကွယ်လွန်။
  • ၁၀ ဒီဇင်ဘာ – ည ၇ နာရီ ၄၅ မိနစ် လကျတ်သည်။
  • ၁၁ ဒီဇင်ဘာ – စာရေးဆရာမကြီး စောမုံညင်း လူကြီးရောဂါဖြင့် ကွယ်လွန်သည်။
  • ၁၂ ဒီဇင်ဘာ – ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြု။
  • ၁၇ ဒီဇင်ဘာ – မြောက်ကိုရီးယားနိုင်ငံ၏ လက်ရှိခေါင်းဆောင် ကင်ဂျုံအီ ကွယ်လွန်သည်။

ကွယ်လွန်သူများ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. သမ္မတဦးသိန်းစိန် ဒေါ်စုနဲ့ တွေ့ဆုံ - BBC News မြန်မာ
  2. မော်ကွန်းတင်ပြီးမိတ္တူ။ 6 October 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 September 2011 တွင် ပြန်စစ်ပြီး။